မေတ္တာလက်နက် အစွမ်းထက်
စွမ်းရည်ဖြောင့်မတ်၊ ပြောတတ်စကား၊ ယဉ်ပါးသိမ့်မွေ့၊ ခြောက်သွေ့မာန၊ စားကြရောင့်ရဲ၊ ကိစ္စနည်း၏၊ ရင့်ဆဲက္ကုနြေ္ဒ၊ ပြည့်စေပညာ၊ကင်းကွာစွဲလမ်း၊ ဤဆယ်ခန်းက၊ စ၍လိုက်နာ၊ ကျင့်သုံးပါသော်၊မေတ္တာလက်နက်၊ အစွမ်းထက်၏။
မေတ္တာ၏ တစ်ခုတည်းသောလက်နက် အစွမ်းထက်ပုံကားအံ့မခန်းပါတည်း။ ကိုယ်တိုင်ကျင့်သုံးကြည့်ပိုသိမည်ထင်သည်။ အဓိပ္ပါယ်ကိုဖြောင့်ရပါသော်...လူတစ်ဦးဖြစ်အံ့...မိမိ၏ အစွမ်းအစကို တစ်ဆထက်တစ်ဆတိုးတက်အောင် ရုန်းကန်ကြိုးစားခြင်းပင်။ ဒုတိယကား.မိမိ၏စိတ်ကို အရိုးသားဆုံးအဖြောင့်မတ်ဆုံးနေရာမှာထားပါ။ တတိယကား.. စကားပြောရာ၌ လိမ္မာပါးနပ်စွာ ယဉ်ကျေးပြူငှါစွာပြောဆိုတတ်ခြင်း၊ စတုတ္ထကား...ယဉ်ပါးသိမ်မွေ့ဆိုရာဝယ် မိမိထက်ကြီးသူဖြစ်စေ၊ ငယ်ရွယ်သူဖြစ်စေ သက်တူရွယ်တူဖြစ်စေကာ မူနူးညံ့သိမ်မွေ့ပြီး ရိုသေကိုင်းညွတ်စွာဆက်ဆံရခြင်း၊ ပဉ္စမကား.. ခြောက်သွေ့မာနဆိုသည်၌ မိမိတွင်အထက်တန်းကျနေသည်ဖြစ်စေ အောက်တန်းကျနေသည်ဖြစ်စေ မိမိမှာ ဘယ်သောအခါမှ မာန မထားမိအောင် ခြောက်သွေ့နေအောင် ထိန်းသိမ်းထားခြင်း၊ ဆဋ္ဌမကား..စားစရာတို့တွင် ထိန်းချုပ်ခြင်းပင်။ စားရာ၌ ရောင့်ရဲစွာ စားသောက်ခြင်းဖြစ်ရာ အလွန်တရာစားခြင်းမှ အထူးသဖြင့် ရှောင်ကြဉ်သင့်ခြင်း။ သတ္တမကား..ကိစ္စနည်း၏ တဲ့။ အလွန်အမင်းနည်းခြင်းဆိုဟန်မတူ။ အဘယ်ကြောင့်ဆိုသော် အိမ်ရာမတည်ထောင်သော ရဟန်းတို့ ဘ၀၌ပင် ကိစ္စကား ပေါများနေသေးသည်။ အိမ်ရာထောင်သော လူတို့ဘောင်မှာကား အလွန်တရာ ပေါများမည်မှာ ထင်မှားစရာမရှိပေ။ မည်သို့ပင် ဆိုစေဦးတော့ ကိစ္စနည်းနိုင်သမျှနည်းအောင် ကျင့်ခြင်းသည် သတ္တမမြောက် ကျင့်ခြင်းဖြစ်ပေ၏။ အဋ္ဌမကား..ရင့်ဆဲက္ကုနြေ္ဒ ရှိရမည်ဖြစ်ပေသည်။ မည်ကဲ့သို့ ရင့်ဆဲဖြစ်အောင်ကျင့်မည်နည်း။ တည်ညိမ်အေးဆေးစွာ ပြောဆိုဆက်ဆံ ဆွေးနွေးတိုင်ပင် ငြိမ်းချမ်းစွာနေခြင်းကိုပင် ဆိုပေသည်။ န၀မကား..ပြည့်စေပညာ တဲ့။ ဤနေရာဝယ် နည်းနည်းချဲ့ထွင်ချင်သည်။ အဘယ့်ကြောင့်နည်းဟူမူကား..ယခုခေတ်၌ ပညာရည်ပြည့်ဝဖို့ ဆိုသည်ကား အင်တန်ခက်ခဲသည် ဆိုရပေမည်။ ပွင့်ပွင့်လင်းလင်း ပြောရသော်..ငွေမပါလျှင် မည်သည့် ပညာမှ အလကားမရသော ခေတ်ဖြစ်နေပေသည်။ သို့သော် မိမိလက်လှမ်းမှီလောက်သော ပညာ အမျိုးအစားကို လိုက်၍ ပြည့်ဝအောင် စွမ်းဆောင်ခြင်းလောက်ဖြင့် မပြည့်ဝသော်လည်း ပြည့်ဝသော ပုဂ္ဂိုလ်များကဲ့သို့ နည်းခံပြီး တတ်နိုင်သော ၀န်ဖြင့် အများအတွက် ပေးဆပ်သင့်ပေသည်။ဒသမကား..ကင်းကွာစွမ်းလန်း ဟူ၏။ ဤနေရာ၌ အစွဲလန်း လုံးဝကင်းစင်သည်ကို ဆိုလိုချက်ကား ဘုရား၊ ရဟန္တာကို ဆိုလိုသည် ဖြစ်ပေမည်။ လောကီလူသား၊ ပုထုဇဉ်လူသားတို့၌ကား လုံးဝကင်းစင်မည်မဟုတ်ပေ။ အကုန်အစင် မဟုတ်တောင်မှ မိမိ၏ ပါရမီ မှီသလောက်ကို ကင်းကွာ စွဲလမ်းကို ယူရပေမည်။ အဘယ့်ကြောင့်ဆိုသော် အကျွန်ုပ်တို့သည်ကား သာမာန် ပုထုဇဉ်အဆင့်ပဲမဟုတ်ပါလား။ အားလုံးအနှစ်ချုပ်သော်..ဤဆယ်ချက်ကို လိုက်နာကျင့်သုံး ဖြည့်ကျင့်ပါသော် ကျင့်သောပုဂ္ဂိုလ်အား " ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ" ဟူသော ဘုရားနှုတ်တော် ထွက်ပေါ်လာသည်နှင့်အညီ တရားက ပြန်လည် စောင့်ရှောက်ပြီး အစွမ်းထက်ပါလိမ့်

မည်။ မဖြစ်မနေ ကြိုးပမ်းအားထုတ်ကြပါကုန်။
0 Response to "မေတ္တာလက်နက် အစွမ်းထက်"
Post a Comment