မိခင်မေတ္တာ
မိခင်မေတ္တာ ဤကမ္ဘာ
ကြီးမားကျယ်ပြန့် နှိုင်းဆမဲ့၏
မိခင်အပြုံး အလှဆုံး
ကမ္ဘာပေါ်မှာ အေးချမ်းဆုံး
မိခင်မျက်နှာ လပြည့်ပမာ
ကြည်လင်အေးမြ အလင်းဆုံးဗျ
မိခင်အကြည့် ကြည်လင်၏
ရင်ထဲထိအောင် စွဲကာငြိ
မိခင်ဂရုဏာ တို့ပေါ်မှာ
မည်သူနှင့်မျှမတူပါ
မိခင်အလှ ဘယ်သူမမီ
ရင်ထဲဤသို့ထင်မိသည်
မိခင်ကျေးဇူးကြီးမားဆုံး
အနန္တကမ္ဘာ ထိအောင်မဆုံး။ ။
အိပ်မက်ရှင်မလေး၏ ကဗျာများမှ ကူးယူဖော်ပြပါသည်။
အိပ်မက်ရှင်မလေး၏ ကဗျာများမှ ကူးယူဖော်ပြပါသည်။
0 Response to "မိခင်မေတ္တာ"
Post a Comment