နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic
မေ့မေ့အသဲလေး
             ချစ်လှစွာသော သားသားရေ
             လှမ်းလျှောက်ကာလေ  လာခဲ့လေ
             လှုပ်တုတ်လှုပ်တုတ် လျှောက်ကာသွား
             ချစ်စရာ မေမေ့သား
             ရှေ့သွားလေးက နှစ်ချောင်းပေါ်
             ရီကာပြုံးကာနော်
              စိတ်ချမ်းသာတယ် မေ့ရင်ထဲ
             သားသားလေးရဲ့ ရီ(ရယ်)သံဘဲ
             စော့ကာမောလို့ အိပ်ပါနော်
            မေမေတေးဆိုသိပ်မယ်နော်
             အိပ်ပျော်သွားတဲ့ မေ့သားလေး
             အနာဂတ်အတွက် အလင်းတန်းလေး
             အိပ်ကာနိုးလို့ ပြုံးပါနော်
              မေမေစိတ်ရွင်ပျော်
             ဘဝမှာပုံကာချစ်
            မေ့သားလေးက နံပါတ်တစ်။    ။
အိပ်မက်ရှင်မလေး၏ ကဗျာများမှ ကူးယူဖော်ပြပါသည်။
မိခင်မေတ္တာ
မိခင်မေတ္တာ ဤကမ္ဘာ
ကြီးမားကျယ်ပြန့် နှိုင်းဆမဲ့၏
မိခင်အပြုံး အလှဆုံး
ကမ္ဘာပေါ်မှာ အေးချမ်းဆုံး
မိခင်မျက်နှာ လပြည့်ပမာ
ကြည်လင်အေးမြ အလင်းဆုံးဗျ
မိခင်အကြည့် ကြည်လင်၏
ရင်ထဲထိအောင် စွဲကာငြိ
မိခင်ဂရုဏာ တို့ပေါ်မှာ
မည်သူနှင့်မျှမတူပါ
မိခင်အလှ ဘယ်သူမမီ
ရင်ထဲဤသို့ထင်မိသည်
မိခင်ကျေးဇူးကြီးမားဆုံး
အနန္တကမ္ဘာ ထိအောင်မဆုံး။    ။
                                                အိပ်မက်ရှင်မလေး၏ ကဗျာများမှ ကူးယူဖော်ပြပါသည်။
ဥယျဉ်မှူးဖေဖေ
ကြမ်းတမ်းလှစွာဖေဖေ့လက်ဟာ
ဥယျဉ်မှူးမက်အစစ်ပါ
ဘာကိုမမျော်လုပ်ကိုင်ပေး
ဖေဖေ့ကျေးဇူးမမေ့သေး
ယုယတတ်စွာဖေဖေဟာ
သားသမီးပေါ်မှာနွေးထွေးစွာ
ရှာဖွေကျွေးမွေး ပြုစုပေး
ပန်းကောင်းပွင့်ဖို့
ပေါင်းသင်ပေး
ဖေဖေ့မေတ္တာစေတနာ
ဆပ်၍မကုန်ပါ
နွေးထွေးစွာရင်ခွင်ထဲ
ခိုမယ်တစ်သက်လုံးဘဲ။    ။
                                         အိပ်မက်ရှင်မလေး၏ ကဗျာများမှ ကူးယူဖော်ပြပါသည်။
နောင်ပွင့်တော်မူမည့် မြတ်ဗုဒ္ဓဆယ်ဆူမှ အရိမေတ္တေယျမြတ်စွာဘုရား မူရင်း
နောင်ပွင်တော်မူမည့် မြတ်ဗုဒ္ဓဆယ်ဆူ အကြောင်းကို နောင်ပွင့်တော်မူမည့် မြတ်ဗုဒ္ဓဆယ်ဆူ၊ ဦးအေးကျော်(သ-စ-အ- ဓမ္မာစရိယ) စာအုပ်မှ ရေးသားတင်ပြခြင်းဖြစ်ပါသည်။
နောင်ပွင့်ဘုရား
အတူသွား၍
ဖူးမျှော်နိုင်ကြပါစေ။     ။
့်
နောင်ပွင့်တော်မူမည့် မြတ်ဗုဒ္ဓဆယ်ဆူမှ အရိမေတ္တေယျမြတ်စွာဘုရား
          ( ၁၀ )
        လူတို့၏ သက်တမ်း ငါးပုံတစ်ပုံချန်၍ ပရိနိဗ္ဗာန် စံဝင်ရခြင်း သည် မြတ်ဗုဒ္ဓတို့၏ ဓမ္မတာဖြစ်သည်။ လူတို့ သက်တမ်း ရှစ်သောင်းလေးထောင်တွင် မေတ္တေယျဘုရားပွင့်၏ ။ သို့ကြောင့်
သက်တော်သည် ခြောက်သောင်းလေးထောင် ရှည်မည် ။ သာသနာတော်နှစ်ပေါင်း သုံးသိန်း - ရှစ်သောင်းတည်မည်။
        မေတ္တေယျဘုရားထံတော်ပါး၌ ကျွတ်တမ်းဝင်နိုင်အောင်ကြိုးစားကြရာသည် ။ ဂေါတမဗုဒ္ဓ
သာသနာတော်၌ ရဟန်းပြုသူ ၊ ရဟန်းဒါယကာခံသူ ၊ မိမိသား - မြေး ၊သူတစ်ပါး သား - မြေးတို့ကို
ရှင်ရဟန်းပြုပေးသူ ၊မိဖနှစ်ပါးကို လုပ်ကျွေးသူ ၊ သရဏဂုံတည်သူ ၊ ငါးပါးသီလမြဲသူ ၊ တရား ဘာဝနာ
ပွားသူ ၊ ထိုပုဂ္ဂိုလ်တို့နှင့် -
        စေတီပုထိုးတည်သူ ၊ ကျောင်းကန်ဇရပ်ဆောက်သူ ၊ ရေတွင်း ရေကန်တူးသူ ၊ ပိဏ္ဍပါတ်ဆွမ်းလောင်းသူ ၊ ညောင်ေ၇သွန်းသူ ၊ ပန်း ၊ ဆီးမီးလှူသူ ၊ ပစ္စည်းလေးပါး ချီးမြှင့်သူ ။
        သူတို့သူတို့သည် အရိမေတ္တေယျ မြတ်ဖုရားကို ဖူးတွေ.နိုင်သည် ။မေတ္တေယျသာသနာတော်နှင့်
ကြုံကြိုက်ရမည် ဖြစ်သည် ။
        အရှင်အသောကသည် မေတ္တေယျမြတ်ဘုရားကို လက်ျာတော်ရံ၊ အရှင်ဗြဟ္မဒေ၀သည် လက်ဝဲတော်ရံ၊ အရှင်သီဟသည် အလုပ်အကျွေးရဟန်းတော်ဖြစ်သည်။
သုမနသည် လက်ျာရံ ဥပါသကာ၊ သံဃသည် လက်ဝဲရံ ဥပါသကာ၊ ယသ၀တီသည် လက်ျာရံ ဥပါသိကာမ၊ သံဃာသည် လက်ဝဲရံ ဥပါသိကာမ ဖြစ်သည်။
        ဒုဋ္ဌဂါမဏိမင်းသည် မေတ္တေယျ၏ လက်ျာတော်ရံလောင်း၊ ညီတော်သဒ္ဓါတိဿမင်းသည် လက်ဝဲတော်ရံလောင်း၊ သာလိကုမာရသည် မေတ္တေယျ၏ သားတော်လောင်း၊ ကာက၀ဏ္ဍတိဿ မင်းကြီးသည် မေတ္တေယျ၏ ခမည်းတော်လောင်း၊ ၀ိဟာရဒေ၀ီမိဖုရားကြီးသည် မေတ္တေယျ၏မယ်တော်လောင်းဖြစ်သည်။
        အရိမေတ္တေယျ မြတ်စွာဘုရားသည် ကျွတ်ထိုက်သော နတ်လူတို့၏ ကိလေသာမှောင်ကို သဗ္ဗညုတဉာဏ်ဖြင့် ဖြိုခွင်း၍ အလင်းရောင်ပေးပြီးပြီ။
        ထိုအခါ အရိယ မေတ္တေယျ ၊ အရိမေတ္တေယျ - မေတ္တေယျ ဟူသော ဝေါဟာရတို့သာ တွင်ရစ်လတ္တံ့။ ။
                                        ရှေးဦးအစ၊
                                        မေတ္တေယျ၊
                                        မှတ်ကြလေကွဲ့ အလောင်းတဲ့။      ။
နောင်ပွင့်တော်မူမည့် မြတ်ဗုဒ္ဓဆယ်ဆူမှ အရိမေတ္တေယျမြတ်စွာဘုရား
                              ( ၉ )
        မေတ္တေယျဘုရားရှင်၏ ကုသိုလ်ကောင်းမှုတို့က အတိုင်းမသိရှိသည် ။ ဖြစ်ရာဘ၀ထိုထို၌ သာသနာတော်ကို ဆွမ်း ၊ သင်္ကန်း ၊ ကျောင်း ၊ ဆေး ၊ ပစ္စည်းလေးပါးတို့ဖြင့် ထောက်ပံ့သည်။ နံ.သာ၊
ထီး ၊ တံခွန် ၊ ဗိတာန် အမြဲလှူသည်။ မဏ္ဍပ်ဒကာ ၊ စရပ်ဒကာ အဖြစ် ဘ၀ထိုထို ဖြည့်ကျင့် ဆည်းပူးခဲ့သည် ။
        ထိုပါရမီ ၊ ထိုဆုတောင်းတို့က ကောင်းသည် ။ အာနုဘော် ပြည့်သည် ။ တန်ခိုးတော်ထက်သည်။
        မဏ္ဍပ် ၊ ဗိတာန် ၊ ပန်းဆိုင်း ၊ တုရိုဏ်း ၊ ထီး ၊ တံခွန် ၊ ဆီးမီးတန်ဆောင် အဆောင်အယောင် တို့သည် မေတ္တေယျမြတ်စွာဘုရားသွားလျှင်သွားခြင်း ၊ ထိုင်လျှင် ထိုင်ခြင်း ဖြစ်ခဲ့သည် ။
        သက်တမ်းရှည်လှသည် ။ နေ့နှင့်ည ရောထွေးနေသည် ။ ကြက်တက် - ကြက်ဆင်းသည်ကို ကြည့်၍ နေ့နှင့်ည ခွဲရသည် ။ နံနက်ပန်ုး - ညပန်းတို့ကိုထောက်၍ နေ့အမှတ် ညအမှတ် ခွဲရသည် ။
နေ့တာ ညတာတို့က ရှည်လွန်းပါသည် ။
        မေတ္တေယျဗုဒ္ဓသည် သံသရာ၏ အဆုံးဘ၀ဖြစ်သည် ။ပြုခဲ့သော ကုသိုလ်အဟုန်တို့က စုပုံအကျိုးပေးသည် ။
        ရတနာ မဏ္ဍပတော်ကြီးမှာ ၁၂ - ယူဇနာ ကျယ်သည် ။ ပတ္တမြားပလ္လင်က ထိုမဏ္ဍပ်၏အလယ်မှာ ။ ထယ်ဝါလှသည် ။ ခန့်ညားလွန်းသည် ။ ရွှေ ပန်းဆိုင်းတိုင် ၊ ငွေ
ပန်းဆိုင်းတိုင် ၊ ပတ္တမြားပန်းဆိုင်းတိုင် ၊ ရွှေအိုး ၊ ငွေအိုး ၊ ပတ္တမြားအိုးတို့က မဏ္ဍပ်ကြီးမှာအပြည့် ။
        ရွှေခြူညောင်ရွက်တို့ ရွက်ချင်းထပ်နေသည် ။ ရတနာတံခွန်တို့ လုံးချင်းစပ်နေသည် ။ပန်း -
နံ.သာမိုးက နေ့မစဲ ။ ညမစ ။ခေါင်းလောင်းတော်ကြီးတို့က အတောင် ၃၀ စီရှိသည် ။ လေခတ်လျှင်
အသံကို သောင်းတိုက်လုံးကြားနိုင်သည် ။
        မေတ္တေယျဗုဒ္ဓသည် ရတနာမဏ္ဍပ် ၊ ပတ္တမြားပလ္လင်ထက်မှာ စံတော်မူလျက် လူနတ်ဗြဟ္မာ
တို့အား တရားပြသည် ။ ကျင့်စဉ်ဟောသည် ။ မြင့်မြတ်သောရဟန်းအဖြစ်ကို ချီးမြှင့်တော်မူလေ့ရိသည်။
        မဏ္ဍပ်တော်ကိုမြင်လျှင်၎င်း ၊ ခေါင်းလောင်းသံကိုကြားလျှင်၎င်း ၊ မေတ္တေယျမြတ်စွာဘုရား
ကြွလာကြောင်း အများသူငါသိကြသည် ။
မေတ္တေယျဗုဒ္ဓသည် ဆွမ်းဖိတ်သူထံကြွရန် စိတ်တော်ညွှတ်လိုက်လျှင် ရတနာမဏ္ဍပ်တော်က ကောင်းကင်သို့ ချက်ချင်းပျံသည် ။ ဆွမ်းဒါယကာ၏ အိမ်တံခါးဝ၌ တည်ခဲ့သည် ။
လူနတ်နဂါးတို့က မြတ်ဗုဒ္ဓအား ဆွမ်းအလှူပေးကြသည် ။ ဆွမ်းအနုမောဒနာသံမှာဘ၀ဂ်လျှံခဲ့၏။
အခြားအခြားလူတို့က မိမိတို့နေအိမ်ဝယ် ဟောနေသလို ထင်ကြသည် ။ ဗုဒ္ဓ၏တင့်တယ်ခြင်း
အသရေကို အထင်အရှားဖူးရသည် ။ ရုပ်ကိုမြင် အသံကို ကြားစေနိုင်သော မေတ္တေယျ၏ဘုန်းတော် ။
မေတ္တေယျဘုရားလက်ထက်တော်တွင် ပရိဗိုဇ် အယောင်ဆောင်ကို ကြည့်ချင်သော်မကြည့်ရ ၊ တွေ.လိုသော် မတွေရ ။ တိတ္ထိတွေကင်းသည် ။ တက္ကတွန်းတွေရှင်းသည် ။
လူတိုင်း ငါးပါးပဉ္စသီ တည်ကြ၏ ။ သီတင်းသီလ မြဲကြ၏ ။ စည်းစိမ်ချမ်းသာကြီးကြ၏ ။ အခြံအရံများကြ၏ ။ ကုသိုလ်ရေးကို အပြိုင်အားပေးကြ၏ ။ အိမ်ယာထောင်ကြသည်မှာ အသက်တစ်ထောင်ပြည့်မှ ။ လူ့စည်းစိမ်ကို သူတို့မွေ.ကြ၏ ။
ဇမ္မူဒီပါ ကျွန်းခွင်ကား ကြေးမုံပြင် ကဲ့သို့ ညီညာသည် ။ တောင်မရှိ ။ ကမ်းမရှိ ။ ဆူးမရှိ ။ ငြောင့်မရှိ ။ ခလုတ်ကန်သင်း အားလုံးရှင်းသည် ။
သင်္ခစကြမင်းက မေတ္တေယျ သာသနာတော်အား အလှူကြီးပေးသည် ။ ရတနာ ပြဿဒ်တော်ကြီးကို လှူသည် ။ဆွမ်း ၊ သင်္ကန်း ၊ ကျောင်း ၊ ဆေး ၊ ပစ္စည်း လေးပါး မလိုစေရ ။ ထာဝစဉ်
လှူဒါန်းသည် ။
        နောက်တော်မှာ အခြွေအရံ ကုဋေတစ်သိန်းပါသည် ။ သီတင်းသီလ ကိုယ်စီနှင့် ဖြစ်သည် ။
အားလုံးကျွတ်တမ်းဝင်ကြမည် ။ မင်း မိဖုရားတို့ ဧဟိ ဘိက္ခုချည်း ဖြစ်ကြလိမ့်မည် ။
နောင်ပွင့်တော်မူမည့် မြတ်ဗုဒ္ဓဆယ်ဆူမှ အရိမေတ္တေယျမြတ်စွာဘုရား
အရိမေတ္တေယျ မြတ်စွာဘုရားသည် သစ္စာတရားကို ဟောကြားလျှင် လူကုဋေတစ်သိန်း၊ နတ်ကုဋေတစ်သိန်း ကျွတ်တန်းဝင်မည်။ ဤသို့ ဂေါတမ မြတ်ဗုဒ္ဓက ရှင်သာရိပုတ္တရာအား မိန့်တော်မူခဲ့သည်။
        အရိမေတ္တေယျ မြတ်ဘုရားည် ဓမ္မစကြာတရားကို ဟောမည်။ ဣသိပတနဥယျာဉ်တော်သို့ ကြွသည်။ ခြေတော်ချတိုင်းချတိုင်း ကြာပဒုံမာပွင့်တွေက အသင့်။ မြေကြီးခွဲ၍ ပေါ်လာကြမည်။ ခြေတော်အစုံကို ခိုလှုံဦးခိုက်ကြမည်။ သို့ဖြင့် မြတ်ဗုဒ္ဓသည် ဓမ္မစကြာခရီးကို ရွှေကြာပွင့်တွေ နင်းပြီး ကြွခဲ့ပါသည်။
ကြာပွင့်ချပ်ကြီးမှာ အတောင် ၃၀၊ ကြာပွင့်ချပ်ငယ်မှာ ၂၅တောင်၊ ကြာဝတ်ဆံမှာ အတောင် ၂၀၊ ကြာအလယ်ချပ်မှာ ၁၆ တောင်ရှိသည်။ စကြာဝဠာတစ်သောင်း ထိန်ထိန်လင်းခဲ့သည်။ မေတ္တေယျ၏ ခြောက်သွယ်ရောင်ခြည် တို့မှာ ထန်းလုံးပမာဏ ရှိသည်။ အထက်ဘ၀ဂ်ချဉ်းသည်။ အောက်အ၀ီစိနင်းသည်။ ဖီလာထုတ်ခြင်း၊ အကြွင်းမရှိ၊ အနန္တစကြာဝဠာ နှံ့ပါသည်။
        ဓမ္မာစကြာတရားပွဲကြီး၊ တရားနာပရိသတ်တို့က စကြာဝဠာတိုက်လုံးအပြည့်။ လူပရိတ်က ၁၆ ယူဇနာ။ နတ်ဗြဟ္မာ ပရိသတ်က  ဖြစ်သည်။
        လူမကိုင်။ နတ်မကိုင်။မိုးမစွတ်။ မီးမလောင်။ မြူမတင်။ ဖုံမကပ် ဆန်းကြယ်လှသည်။ ၁၂ -ယူဇနာ ရှိသော ရတနာဗိတာန်ကြီးသည် မေတ္တေယျမြတ်ဘုရား၏ဦးခေါင်းတော်ထက်၌ နေ့ညမရွေး အမြဲမိုးပေးနေသည်။ ဓမ္မစကြာတရားဦး ဟောသောနေ့မှ နိဗ္ဗာန်ရွှေပြည်ဝင်သည်အထိ ဖြစ်၏။
        အရှင်သာရိပုတ္တရာသည် မေတ္တေယျမြတ်ဘုရား၏အကြောင်းကို အကုန်အစင်သိလိုသည်။သို့ကြောင့် ဂေါတမမြတ်ဘုရားအားဤသို့ဤသို့ မေးလျှောက်ခဲ့သည်။
        မေတ္တေယျမြတ်ဘုရားသည် ဘုန်းတော်တောက်သည်။ တန်းခိုးတော်ကြီးသည်။နေ့ရော-ညပါ ကိုယ်တော်ရောင်အမြဲလင်းသည်။ အဘယ့်ကြောင့်နည်း။ ရှေးကုသိုလ်ကို မိန့်တော်မူပါ-မြတ်ဗုဒ္ဓ။
မေတ္တေယျမြတ်ဘုရား၏ ရတနာဗိတာန်ကြီးသည် အံ့ဖွယ်။ ပတ္တမြား၊စိန်၊ပုလဲ၊သန္တာ။ အဆိုင်းဆိုင်းနှင့် ဖြစ်သည်။ လူမကိုင်၊နတ်မကိုင်၊မိုးမစို၊မီးမလောင်၊မြူမတင်၊ဖုံမကပ်။ ထိုရတနာဗိတာန်ကြီးက နိဗ္ဗာန်ရွှေပြည်ဝင်သည်အထိ မိုးပေးနေမည်။ အဘယ့်ကြောင့်နည်း။ မေတ္တေယျ အလောင်းတော်၏ပြုခဲ့ဖူးသော ကုသိုလ်တို့ကို မိန့်တော်မူပါမြတ်ဗုဒ္ဓ။
        ချစ်သားသာရိပုတ္တရာ၊ မေတ္တေယျအလောင်းသည် တစ်ခုသောဘ၀၌ ဣန္ဒပတ္တနဂိုရ်ပြည်တွင် သင်္ခ စကြ၀တေးမင်းကြီး ဖြစ်ခဲ့ဖူးသည်။ နေပြည်တော်အကျယ်က ၃၆ ယူဇနာရှိသည်။ တံခါးလေးခု၌ ပဒေသာလေးပင်စီ ပေါက်သည်။၂၅ ယူဇနာမြင့်သော ဘုံ ၇ ဆင့် ဗိတာန်ကြီးနှင့် စံစားခဲ့သည်။
        ချစ်သားသာရိပုတ္တရာ၊ သီရိမန္တ မြတ်ဘုရားသည် ဣန္ဒပတ္တနဂိုရ်ပြည်မှ ၁၆ ယူဇနာဝေးကွာသောအရပ်၌ သီတင်းသုံးတော်မူသည်။ ထိုအကြောင်းကို သိင်္ခမင်းကြီး မသိချေ။
        ချစ်သားသာရိပုတ္တရာ၊ ဘုရား၊တရား၊သံဃာ။ ရတနာသုံးပါးကို ညွှန်ပြနိုင်သူအား စကြ၀တေးမင်းအရာကို ငါပေးရန်အသင့်။ ဤသို့ သင်္ခမင်းကြီးမှာ စိတ်အကြံတော် ပေါ်ခဲ့သည်။
        ချစ်သားသာရိပုတ္တရာ၊ ထိုအခိုက် သီရိမန္တမြတ်ဘုရား၏တပည့်သာမဏေတစ်ပါးသည် ဣန္ဒပတ္တနဂိုရ်ပြည်သို့ ဆွမ်းခံကြွသည်။ ပြည်သူအများက ဘီလူးအမှတ်ဖြင့် ပစ်ခတ်ကြ၏။ သာမဏေမှာ ကြောက်အားလန့်အား။ မင်းကြီး၏နန်းတော်ဆီသို့ ပြေးသွားခဲ့သည်။
        ချစ်သားသာရိပုတ္တရာ၊ လူလော၊နတ်လော မဝေခွဲနိုင်။ အဘယ်သူနည်း။ သင်္ခမင်းကြီးက မေးလျှင်- ၁၀ ပါးသီလစောင့်၍ မကောင်းမှုမှ ကင်းစင်သဖြင့် သာမဏေဟုခေါ်ကြောင်း ရှင်သာမဏေ ပြန်မိန့်သည်။
        ချစ်သားသာရိပုတ္တရာ၊ ဗုဒ္ဓသည် သည်ပြည်မှ ၁၆ ယူဇနာဝေးကွာသည့် ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံးတော်မူကြောင်းကိုပါ တဆက်တည်း ရှင်သာမဏေက မင်းကြီးအားမိန့်သည်။
        ချစ်သားသာရိပုတ္တရာ၊ သာမဏေ ဟူသောစကားကို ကြားရသဖြင့် မင်းကြီးမှာ ပီတိတွေ ကိုယ်လုံးပြည့်ခဲ့သည်။ ဗုဒ္ဓ ဟူသော စကားကိုကြားရသဖြင့် သောမနဿတွေ ကိုယ်လုံးပြည့်ခဲ့သည်။
        ချစ်သားသာရိပုတ္တရာ၊ သို့ကြောင့် မင်းကြီးသည် သာမဏေအား နန်းကိုနှင်းသည်။ စကြ၀တေးစည်းစိမ်ကိုလှူသည်။ ပြီးမှ သီရိမန္တ မြတ်ဗုဒ္ဓထံ ချက်ချင်း သူကြွခဲ့သည်။
        ချစ်သားသာရိပုတ္တရာ၊ သင်္ခမင်းကြီးသည် ခြေလျင်ခရီးဖြင့် သွားရန်မစွမ်း။ တနေ့တာခရီး၌ ခြေဖ၀ါးရောင်သည်။ နှစ်နေ့ခရီး၌ ခြေဖ၀ါးပေါက်သည်။ ဖ၀ါးဖြင့် မသွားနိုင်တော့။ ဆက်၍ကြိုးစား၏။ ဒူးနှင့်သွားသည်။ ၄ ရက်ခရီး၌ ဒူးပြဲသည်။ လက်ကွဲသည်။ သွေးသံတရဲရဲ။ သို့သော်မလျှော့။ ရင်ဘတ်နှင့် သွားရန် မင်းကြီးဆုံးဖြတ်သည်။
        ချစ်သားသာရိပုတ္တရာ၊ သီရိမန္တမြတ်ဘုရားသည် စကြာဝဠာတစ်သောင်းကို ကြည့်သည်။ သင်္ခမင်းကြီးကို မြင်သည်။ ငါမကယ်လျှင် သေဖွယ်တကား။ ကျောင်းတော်သို့ သူရောက်မည်မဟုတ်။ သို့ဖြင့် သီရိမန္တမြတ်ဘုရားသည် လူအိုယောင်ဆောင်သည်။လှည်းစီးစေသည်။ ပုဗ္ဗာရုံကျောင်းတော်အရောက် ပို့ပေးခဲ့သည်။
        ချစ်သားသာရိပုတ္တရာ၊ သုဇိတာနတ်သမီးသည် သင်္ခမင်းကြီး၏ နွမ်းလျနေသည့် အခြေကိုမြင်သည်။ နတ်ရေစင်ကို တိုက်သည်။ နတ်သြဇာကို ကျွေးသည်။ နတ်တို့တန်ခိုးဖြင့် မင်းကြီးအားကယ်မခဲ့သည်။
        ချစ်သားသာရိပုတ္တရာ၊ သင်္ခမင်းကြီးသည် သီရိမန္တမြတ်ဘုရားရှေ့တော်သို့ ရောက်ပြီ။ မြတ်ဘုရားအား ၀ပ်တွားသည်။ တရားတစ်ခွန်းကို ဟောရန်လျှောက်သည်။ မြတ်ဘုရားက ကုသိုလ်ပါရမီကို ဟောသည်။
        ချစ်သားသာရိပုတ္တရာ၊ မြတ်ဘုရား၏တရားတော်က မြတ်သလို ငါ့ဦးခေါင်းတော်ကလည်း မြတ်သည်။မြတ်သောတရားတော်ကို မြတ်သောဦးခေါင်းဖြင့်သာ ငါပူဇော်မည်။ ဤသို့သော မင်းကြီးက သူ့ဦးခေါင်းတော်ကို အဓိဋ္ဌာန်ဖြင့် ဖြတ်လိုက်သည်။
        ချစ်သားသာရိပုတ္တရာ၊ သင်္ခမင်းကြီးသည် သီရိမန္တမြတ်ဘုရားအား ဦးခေါင်းတော်ကို လှူသည်။ ထိုကုသိုလ်ကြောင့် နောင် မြတ်ဗုဒ္ဓဖြစ်ရပါလိုသည်။ ဗုဒ္ဓဖြစ်သောအခါ ဓမ္မစကြာ တရားကို ဟောရပါလိုသည်။ ကိုယ်တော်ရောင်ကလည်း နေ့ရောညပါ တောက်ပြောင်ရပါလိုသည်။ ဤသို့ ဆုတောင်းခဲ့သည်။
စာတစ်ကြောင်းဖြင့် ဘ၀ကို ကျော်ကြရအောင်
ပါပသ္မိံ ရမတိ မနော....လို့တွေ့ကြုံခဲ့ဘူးတယ်
မကောင်းမှုမှာ ပျော်မွေ့မိခဲ့သူတွေ
သူတို့တစ်တွေ ဘာတွေနဲ့
ဘ၀ကိုအောင်မြင်အောင်
ဘယ်လိုနည်းတွေသုံးပြီး
ဘ၀နေနည်းကောင်းစွာနဲ့
ကျော်လွှားခဲ့ကြပါလဲ
ခုချိန်မှာ
စာကြောင်းလေးတစ်ကြောင်းအစားထိုးပြီးနေကြည့်ကြမယ်
ဘာလဲဆိုရင်
ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ။
ဘ၀မှာ အောင်မြင်မှုတွေက လက်ကမ်းကြိုဆိုနိုင်ကြပါစေ......
ခံစားမှု
ဘ၀ကလက်ဆောင်တွေပေးတယ်
အရောင်တွေပါနေပေမယ့်
မစိမ်းလန်းသေးဘူး
ကိန်းဂဏန်းတွေနဲ့ ချတွက်တယ်
ရာခိုင်းနှုန်းမပြည့်ခဲ့ဘူး
အနှုတ်လက္ခဏာပဲ ပြနေတယ်
လိုအပ်ချက်က
?
ဘ၀အတွက်ပေးဆပ်ရင်း
နောင်သံသရာကို
ရှောင်ကြဉ်ရအောင်
ဘောင်မ၀င်တဲ့ ဒေါင့်တစ်နေရာက
ဝဋ်ကြွေးတွေ ကျေအောင်ဆပ်ရင်းဖြင့်.....
လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...