နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic
ဗုဒ္ဓဘာသာဝင်တို့ ဆောင်ရန်နှင့် ရှောင်ရန် လေးတွေပါ
ရတနာသုံးပါးကို ကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာဝင် သူငယ်ချင်းများအားလုံးအတွက် ဘ၀အတွက်ရုန်းကန်လှုပ်ရှားရင်းနဲ့ ဆောင်သင့် ရှောင်သင့်တဲ့ ကုသိုလ် အကုသိုလ် ကံအကျိုးပေးနည်းတွေကိုတင်ပြပေးပါ့မယ်။ချမ်းချမ်းကိုယ်တိုင် က ကိလေသာ နဲ့ အကုသိုလ်ကင်းနေတဲ့သူတော်စင်မဟုတ်ဘူးနော်။သန်းပေါင်းများစွာထဲက ဘ၀အတွက် ဆင်းရဲပင်ပန်းစွာ ရုန်းကန်လှုပ်ရှားနေရတဲ့ လူထဲက လူသေးသေးလေးတစ်ယောက်ပါ။ဒါပေမယ့် ရုန်းကန်လှုပ်ရှားရင်းနဲ့  ဘ၀ဆင်း၇ဲတဲ့ ကြားထဲက စိတ်ချမ်းသာအောင် အကုသိုလ်ကင်းအောင်တော့ ပတ်ဝန်းကျင်က အမှားတွေကိုသင်ခန်းစာယူတယ်။ဆရာတော်ဘုရားများရဲ့ သြ၀ါဒနဲ့ 
ကိုယ့်ဘ၀ကို ပြုပြင်တယ်။စာအုပ်စာပေထဲက ဘ၀တွေကို လေ့လာရင်းနဲ့ ဆင်းရဲ တဲ့ကိုယ့်ဘ၀ထဲမှာ အမှန်တကယ် ကျေနပ်ပျော်၇ွှင်စရာတွေ အများကြီး ရှိနေတာ ကိုတွေ့ ခဲ့ပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ "ယောနိသော မနသိကာရ" ဆိုတဲ့ သင့်တင့်မျှတစွာနှလုံးသွင်းခြင်း ၊ လက်ရှိကိုယ့်ဘ၀ကို ရောင့်ရဲကျေနပ်ခြင်း နဲ့ ကိုယ့်စိတ်ကို ကိုယ်တိုင် ဆန်းစစ်လေ့လာခြင်းပါပဲ။ မေတ္တာရှင်(ရြွှေပည်သာ )က သူတစ်ပါးရဲ့မြင့်မိုရ်တောင်လောက် အပြစ်ကိုမမြင်ပါနဲ့ ကိုယ့်ရဲ့ ဇီးစေ့လောက်အပြစ်ကို အရင်မြင်အောင်ကြည့်ပါတဲ့။သူတစ်ပါးကိုအပြစ်မြင်တာထက် ကိုယ့်အပြစ်ကို ကိုယ်ဆင်ခြင်ပါလို့ ဆုံးမထားပါတယ်။
အခုတင်ပြမယ့်အကြောင်းအရာက..
ထိုင်းဘာသာရေး တရားစာအုပ်ထဲက ဆရာတော်တစ်ပါးရဲ( คู่มืสวดมนฅ์ วิธืแกักรรม สะเดๅะห์ เครๅะห์) စာအုပ်ထဲက လေ့လာမှတ်သားထားတာလေးပါ။
စာအုပ် Websit က(www.namobook.com  )ပါ။
(၁) ကောင်းတဲ့ ကုသိုလ်အလုပ်နဲ့ ပက်သက်ပြီး ရမယ့် အကျိုးတရားများကတော့..
(၁) ၀ိပဿနာ တရားကြိုးစားအားထုတ်ရင်.....ကုသိုလ်----မရေမတွက်နိုင်
(၂) မိဘကို သေဆုံးအထိ ရိုရိုသေသေလုပ်ကျွေးပြုစုလျှင်....ကုသိုလ်----၁ သိန်း ဆ
(၃)တစ်ခုလပ် မုဆိုးမ ဟာ နောက်အိမ်ထောင်မပြုပဲ ထားခဲ့ဖူးတဲ့ သစ္စာကို စောင့်ထိန်းလျှင်....ကုသိုလ်----၁၀၀၀၀ ဆ
(၄)ဇနီးမောင်နှံ တစ်ဦးကိုတစ်ဦး ရိုရိုသေသေနဲ့ ချစ်ချစ်ခင်ခင်နေထိုင်ကြလျှင်...ကုသိုလ်---- ၁၀၀၀ ဆ
(၅) သက်သက်လွတ်စားရင် ....ကုသိုလ်----၁၀၀ ဆ   
(၆)ညီအစ်ကိုမောင်နှမအချင်းချင်း တစ်ဦးကိုတစ်ဦး ကူညီစောင့်ရှောက်လျှင်...ကုသိုလ်---- ၁၀၀ ဆ   
(၇)ကိလေသာ ရာဂတဏှာစိတ် ၁ခါ ထိန်းနိုင်လျှင်...ကုသိုလ်----၁၀ ဆ  
(၈)သတိသံဝေဂ တရားရမယ့် ဆင်ခြင်စရာ သင်ခန်းစာယူစရာ ဇာတ်လမ်း ရိုက်လျှင် စာရေးလျှင်........ကုသိုလ်---- ၁၀ ဆ         
(၉) လာဘ်မစားပဲ တာဝန်ကျေပွန်စွာအလုပ်လုပ်လျှင်....ကုသိုလ်---- ၈ ဆ
(၁၀)အကောက်ခွန်ရေခ မီးခ အပြည့်ပေးလျှင်...ကုသုလ်     ၅ ဆ
(၁၁) မိဘကိုအလုပ်ကို ၁ခါ ကူညီရင်....ကုသိုလ်----၄ ဆ  
(၁၂) ငယ်ရွယ်သူက ကြီးသူကို ကူညီလျှင်.....ကုသိုလ်----၃ ဆ
(၁၃)အိမ်၇ှင်မက အိမ်အလုပ်တာဝန်ကျေပြီးသန့် ရှင်းအောင် ၁ ရက် လုပ်လျှင်...ကုသိုလ်-----၃ဆ
(၁၄)တရားစာအုပ် ၁ အုပ် လျှုဒါန်းရင်...ကုသိုလ်----၃  ဆ
(၁၅)ကိုယ့်ကို အထင်သေးအပြစ်ပြောတာကိုစိတ်မဆိုးလျှင်...ကုသိုလ်---- ၁ ဆ
(၁၆)ကိုယ့်ထက် ဆင်း၇ဲနွမ်းပါးတဲ့ သူကို ငွေ ၅၀ ကျပ်လျှု....ကုသိုလ်---- ၀.၇ ဆ
(၁၇)ယဉ်ကျေးချိုသာပြီး ချစ်စရာစကား ၁ ခါ ပြောလျှင်.....ကုသိုလ်----၀.၅ ဆ
(၁၈)သစ္စာရှိပြီး .ကတိ ၁ ခါ တည်လျှင်.....ကုသိုလ်----၁ ဆ
(၁၉)ငှက်လေး ငါးလေးတွေ ကို ၁ ခါ လွှတ်ရင်.....ကုသိုလ်----၁ ဆ
(၂၀)ဆရာစကားနားထောင်ပြီး ၁ ခါ ကြိုးစားလျှင်.....ကုသိုလ်---- ၁ ဆ
(၂၁)ဆရာကို ၁ခါ ရှိခိုးရိုသေလျှင်.....ကုသိုလ်----၁ဆ
(၂၂)ဈေးနှုန်းမှန်ပြီး အမြတ်မတင်ပဲ ပစ္စည်း ၁ ခါ ရောင်းလျှင်...ကုသိုလ်----- ၀.၃ ဆ
(၂၃)ဆေးဝါး ၁ ခါ လျှုဒါန်းလျှင်....ကုသိုလ်---- ၁ ဆ
(၂၄)လူသွားလမ်း မှာ တံမျက်စည်း တစ်ခါလှည်းလျှင်.....ကုသိုလ်-----၀.၄ ဆ
မကောင်းတဲ့ အကုသိုလ်အလုပ်နဲ့ ပက်သက်ပြီး ရမယ့် အကျိုးတရားကတော့.
(၁)ကိလေသာ ရာဂ တရား ထကြွစေသော ညစ်ညမ်းရုပ်ရှင်နှင့် စာပေရေးသားလျှင်....အကုသိုလ်----၃၀၀၀ ဆ
(၂) ကိုယ့်ကိုယ် ကိုယ် သတ်သေလျှင်....အကုသိုလ်----၁၀၀၀ ဆ
(၃) ကိုယ်ဝန် ၁ ခါ ဖျက်ချ ခဲ့လျှင်.....အကုသိုလ်----၁၀၀၀ ဆ
(၄) သူတစ်ပါး ဇနီးမယားနှင့် ခင်ပွန်းအား မြှုဆွယ်ဖြားယောင်းပြီး ၁ ယောက် ပေါင်းသင်းလျှင်.......အကုသိုလ်-----၁၀၀၀ ဆ
(၅) ဘုရား ကျောင်းကန်ဇရပ်ပေါ်တွင် အညစ်အကြေးနဲ့ အမှိုက် ၁ခါ စွန့် ပစ်လျှင်....အကုသိုလ်----၁၀၀ ဆ
(၆) အစ္စလာမ်၊ခရစ်ယာန်နှင့် အခြားသောဘာသာ သာသနာအား ဆဲဆိုပုတ်ခတ်စော်ကား မှု ၁ ခါ ပြုလျှင်.......အကုသိုလ်-----၁၀၀ ဆ
(၇) ဘာသာသာသနာ ညှိုးနွမ်းစေသော အကြောင်းအရာအား ရုပ်ရှင်၊ပြဇာတ် ၁ ခါ ရိုက်လျှင်....အကုသိုလ်----၁၀၀ ဆ
(၈) ပြည့်တန်ဆာ မိန်းမနှင့် ၁ ခါ ပျော်ပါးလျှင်...အကုသိုလ်----၁၀၀ ဆ
(၉) မောင်နှမ အချင်ချင်း စောင်းမြောင်းပြောဆိုပြီး ၇န် ၁ ခါဖြစ်လျှင်....အကုသိုလ်---၁၀၀ ဆ
(၉) ညစ်ပတ်၊ယုတ်ညံ့ သော စကားတစ်ခွန်းပြောဆိုလျှင်....အကုသိုလ်----၁၀ ဆ
(၁၀) မိဘ ဆုံးမစကားနားမထောင်ပဲ တစ်ခါ ဆန့် ကျင်လျှင်....အကုသိုလ်----၁၀ ဆ
(၁၁) ဆွံ့ ၊ အ၊ မျက်မမြင်၊ စကားထစ်၊ ရုပ်ဆိုးသောသူများအား လိုက်တုပြီး ၁ ခွန်း ကဲ့ရဲ့ လှောင်ပြောင်လျှင်..အကုသုလ်-----၅ ဆ
(၁၂) ပစ္စည်းအတု၊ဆေးအတု၊ သက်တမ်းကုန်နေသော ဆေးနှင့်၊ပစ္စည်း ၁ ခါ ရောင်းချလျှင်....အကုသိုလ်----၅ ဆ
(၁၃) ကြက်တိုက်ဖဲရိုက် မကောင်းမှု လောင်းကစား ၁ ခါ ပြုလျှင်......အကုသိုလ်------၅ ဆ
(၁၄) လူဆိုး ၊လူမိုက် အား ကူညီအားပေးအားမြှောက် ၁ ခါ ပြုလျှင်......အကုသိလ်ု---၄ ဆ
(၁၅) စိတ်ဆိုး၊ဒေါသ ထွက်ခြင်း ၁ ခါ မပြေပျောက်လျှင်....အကုသိုလ်....၃ ဆ
(၁၆)လင် မယား ရန်ဖြစ်ဆဲဆို ရိုက်နှက်ခြင်း ၁ခါ ပြုလျှင်....အကုသိုလ်-----၂ ဆ
(၁၆)သူတစ်ပါးအတင်းပြောဆိုခြင်း၊ ဆဲဆိုခြင်း၊  ၁ ခွန်း ပြောလျှင်....အကုသိုလ်---၁ ဆ
(၁၇)ကောက်ရ ပစ္စည်းအား ပိုင်ရှင်ကိုသိပါရက်နှင့်မပေးပဲ ၅၀ ဖိုးယူထားမိလျှင်....အကုသိုလ်---၁ ဆ
(၁၈) ဈေးပေါပေါနှင့်ရသော ခိုးရာပါပစ္စည်းအား ၅၀ ဖိုးလက်ခံသိမ်းယူထားလျှင်......အကုသိုလ်----၁ ဆ
(၁၉)မီတာခ၊ရေခ နှင့်အိမ်အမြတ်ခွန်အား ၅၀ ဖိုးမပေးလျှင်....အကုသိုလ်-----၀.၆ ဆ
(၂၀)ဆရာသမားကို စကားတစ်ခွန်း ခံပြောမိလျှင်....အကုသိုလ်----၁ ဆ
(၂၁)ငှက် ကလေးနှင့် တောတိရိစ္ဆာန်အား တစ်ကောင်ပစ်လျှင်...အကုသိုလ်-----၀.၅ ဆ
(၂၂)ငါး၊ ပုဇွန် တို့ အား စားသောက်ရန် ၁၀ ကောင်သတ်လျှင်....အကုသိုလ်-----၁ ဆ
(၂၃)သစ္စာမဲ့၊ကတိမတည် ပဲလိမ်ညာပြောဆိုခြင်း ၁ ခါ ပြုလျှင်...အကုသိုလ်-----၁ ဆ
(၂၄)မိဘအား စိတ်ဆိုး စိတ်ကောက် တစ်ခါပြုလျှင်...အကုသိုလ်-----၁ ဆ
(၂၅)လမ်းပေါ်၊လူအများအပန်းဖြေရာနေရာ တို့ တွင် အမှိုက် ၊စားကြွင်းစားကျန် ၁ ခါ ပစ်ချလျှင်.....အကုသိုလ်----၁ ဆ
(၂၆)ဆင်းရဲဒုက္ခရောက်နေတဲ့ မိဘကို တစ်ရက် မပြုစုလျှင်....အကုသိုလ်...၁ ဆ
မြန်မာဆရာတော်ရေးတဲ့တရားစာတွေထဲမှာတော့ အခုတင်ပြထားတဲ့အကြောင်းအရာနဲ့ ပက်သက်ပြီး အသေးစိတ်ရေးထားတာ ချမ်းချမ်းတခါမှမဖတ်ဖူးပါဘူး။
ဒါ့ကြောင့် အားလုံးဗဟုသုတ ရအောင် ဘာသာပြန်ပြီးတင်ပြပေးတာပါ။မဖြစ်နိုင်ဘူး..အယုံအကြည်မရှိဘူး ယုတ္တိမရှိဘူးလို့ ထင်ရင်တော့ သဘောပဲနော်။
မြတ်စွာဘုရားရှင်က "စေတနာသည် ကံ" တဲ့ ကိုယ့်ရဲ့ ကာယကံ ၀စီကံ မနောကံ စေတနာနဲ့ လုပ်တဲ့အလုပ်မှန်သမျှ ကိုယ့်ဘ၀ အကောင်းအဆိုးအကြောင်းအကျိုးကံဖြစ်စေတာမို့ ....ကံ ကံ ရဲ့ အကျိုးကို ယုံကြည်တဲ့သူများအတွက် ဘ၀မှာ ရုန်းကန်လှုပ်ရှားနေရင်းနဲ့ ကောင်းတာဆောင်ပြီးမကောင်းတာေ၇ှာင်ကြရအောင်လေ..။
မေတ္တာရှင် (ရွှေပြည်သာ ) ရဲ့ ဘ၀နဲ့ ရင်းရသော အတွေးအမြင်များစာအုပ်ထဲမှာ
မြောက်ဥက္ကလာပ က ဗုဒ္ဓဘာသာဝင်အမျိုးသမီး တစ်ယောက်က  ဆရာတော်တစ်ပါးကို မေးခွန်းတစ်ခုမေးပါတယ်.
"အရှင်ဘုရား ဗုဒ္ဓဘာသာမှာ အကုသိုလ်ကျုးလွန်ပြီး အပြစ်ကို သိလို့  ၀န်ခံရင် ငရဲကျသေးလား ။တောင်းပန်ရင် မကျေဘူးလားဆိုတော့"
 အဲ့ဒီဆရာတော်က တုံးတိကြီးပဲ.."ဟ နင်မဟုတ်တာလုပ်ထားတော့ တောင်းပန်တိုင်း ဘယ်ရမလဲ.နင်လုပ်ခဲ့တဲ့ အကုသိုလ်အတိုင်းငရဲပဲကျမှာပဲပေါ့"
 ဆိုတော့ အမျိုးသမီးက "အရှင်ဘုရားရယ် ရန်သူတောင် တောင်းပန်ခွင့်လွှတ်လိုက်ရင် ကျေအေးကြသေးတာပဲ။အခုက အပြစ်ကိုသိလို့ တောင်းပန်တာတောင် မြန်မာဘုရားက ခွင့်မလွှတ်ဘူးဆိုတော့ ကိုးကွယ်နေလဲအပိုပဲ" ဆိုပြီး ဘာသာခြားကို ပြောင်းသွားပါတယ်။
ဘာလို့ လဲဆိုတော့ တခြားဘာသာဝင်တွေက ဘုရားကိုဝန်ချ တောင်းပန်လိုက်ရင် အပြစ်တွေက ပြေပျောက်သွားတယ်လို့ ဟောထားတာကိုး။
အ၇ှင်ဇ၀န က အကယ်၍ အဲ့ဒီဆရာတော် က အမျိုးသမီး စိတ်ကျေနပ်အောင်ဖြေတတ်ရင် ဘာသာပြောင်းသွားစရာအကြောင်းမ၇ှိပါဘူးတဲ့.အဖြေမတတ်တော့
ကိုယ့်ဘုရားကို အထင်လွဲပြီး ဘာသာပါပြောင်းသွားပါတယ်။
အခုဘာသာပြောင်းသွားတဲ့ အမျိုးသမီးလည်း  အရင်က ပြုခဲ့တဲ့ အကုသိုလ်အကျိုးပေးခွင့်မရအောင် နောက်ထပ်ကုသိုလ်တွေ များများထပ်လုပ် ပေးရင် ခံရမည့်အပြစ်တွေနည်းသွားပါလိမ့်မယ်။ အကယ်၍
ဒီဘ၀မှာ အနိမ့်ဆုံး သောတပန် အရိယာဖြစ်အောင် တရားကျင့်နိုင်ရင်တော့ လုံးဝ  အပါယ်ငရဲကျမှာမဟုတ်ပါဘူး။ အကုသိုလ်ဝဋ်ကြွေး နည်းနည်းလောက်ပဲ ခံရပါတော့မယ်။  သောတပန်အရိယာ ဖြစ်အောင်မကျင့်နိုင်ရင်လဲ ဒါန၊သီလ၊ဘာဝနာ ကုသိုလ်တွေ များများလုပ်ပေးရင်တော့ အပြစ်ပေါ့သွားပါလိမ့်မယ်။
ဘာနဲ့ တူလဲ ဆိုတော့ လူသတ်  လို့ ထောင်ကျသွားတယ်ဆိုပါစို့ ..ထောင်ကျတဲ့နေ့ မှာပဲ မှားပါတယ် ခွင့်လွှတ်ပါလို့ နောင်တရပြီးတောင်းပန်တော့ရော..အသတ်ခံရတဲ့ တရားလိုက ခွင့်လွှတ်ပေးမှာလား။တရားဥပဒေဆိုတာကရော မျက်နှာလိုက်လို့ ရပါသလား။မရပါဘူး။ထောင်သေချာပေါက်ကျတာပဲ။ဒါပေမယ့် ထောင်ထဲမှာ လိမ်လိမ်မာမာနေတယ်။ ကောင်းအောင် နေတယ်ဆိုရင်တော့ လျှော့ရက်တွေ ပေါ့ရက်တွေနဲ့ ..သူများလိုနှစ်အကြာကြီးမနေရဘူးပေါ့။
 ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလ က မြန်မာလူမျိုးဟာဗုဒ္ဓဘာသာ နဲ့ မတန်သေးဘူးတဲ့။  အချောင်သမားတွေသိပ်ပေါတယ်။အလုပ်တစ်ခုမှာ ကိုယ်ဘယ်လောက် လုပ်နိုင်တယ်ဆိုတာထက် ရာထူးတွေ၊ငွေတွေ၊ဂုဏ်တွေ နဲ့ သက်သာမှုကို အချောင်လိုချင်ကြတယ်တဲ့။ဗုဒ္ဓဘာသာမှာအလုပ်မလုပ်ပဲနဲ့ အလကားရတာဘာမှမ၇ှိဘူးတဲ့။မြတ်စွာဘုရားဟာ လူသားဘုရားပါ။  လူသားဆိုပေမယ့်  သစ္စာလေးပါတရားကို ကိုယ်တိုင်သိပြီး လူ၊နတ်၊ဗြဟ္မာ၊သတ္တ၀ါ တို့ ဟောပြောပြနိုင်တဲ့ ပညာရှင် မဟာလူသားပါ။   ဖန်ဆင်းရှင် တန်ခိုးရှင် မဟုတ်ပါဘူး။ လူသားတွေကို  ဖန်ဆင်းခွင့် အပြစ်ပေးခွင့် မ၇ှိပါဘူး။အပြစ်မဖြစ်အောင်တော့ လမ်းညွန်ပြသနိုင်တဲ့ ဆရာကောင်းတစ်ဆူပါ။
 မိမိသည်သာ မိမိဘ၀ရဲ့ အလင်းရောင်....မိမိကိုယ်သာ ကိုးကွယ်ရာလို့ ပြောထားတဲ့အတွက် ကိုယ့်ဘ၀ကိုကိုယ့်ဘာသာ ကောင်းအောင်ထိန်းကျောင်းပြုပြင်ရမှာပါပဲ။
ကုသိုလ်နဲ့ အကုသိုလ် ကို ဘုရား၇ှင်က ဘယ်လိုဥပမာပြထားလဲဆိုတော့..
ရေထဲကို ခဲလုံးပြစ်ချလိုက်တယ် ဆိုပါစို့  အဲ့ဒီခဲလုံးကို ကျန်တဲ့သူတွေက လက်အုပ်ချီပြီး ရေပေါ်ပြန်ပေါ်လာပါစေလို့ ဘယ်လောက်ပဲ ဆုတောင်း ဆုတောင်း ခဲလုံးက ပြန်ပေါ်လာမှာမဟုတ်ဘူးတဲ့။
ရေထဲကို ထောပတ်ဆီ ပစ်ချလိုက်တယ် ဆိုပါစို့  ကျန်တဲ့ လူတွေက လက်အုပ်ချီပြီး ရေအောက်မြုပ် ပါစေ မပေါ်လာပါစေနဲ့  လို့ ဘယ်လောက်ပဲဆုတောင်းဆုတောင်း
ထောပတ်ဆီရဲ့ ဂုဏ်သတ္တိက ရေပေါ်မှာ ပေါ်စေတဲ့သတ္တိ၇ှိတာမို့ ရေအောက် မြုပ်သွားမှာမဟုတ်ဘူးတဲ့။ဒါဟာ ဘယ်သူမှ မဖန်ဆင်းထားတဲ့ သဘာဝကပေးတဲ့ ဂုဏ်သတ္တိပါ။
သဘာဝတရားပါ။
အဲ့ဒီလိုပဲ အကုသိုလ် ဆိုတဲ့ ခဲလုံးကို ပြုလုပ်ထားရင်တော့ တခြားသူတွေက ငရဲမကျအောင် ဆုတောင်းပေးလို့ မရဘူး၊ကယ်တင်လို့ မရဘူး။
ကုသိုလ်ဆိုတဲ့ ထောပတ်ဆီ လုပ်ထားရင်လဲ တခြားသူတွေက ကိုယ့် ကိုယ် ငရဲကျအောင် ဆုတောင်းပေးလို့ မရဘူး။ဒါဟာ လောက ဓမ္မတာတရားပါ။
မြတ်စွာဘုရားရှင်ဟာ သုမေဓာ ရှင်ရသေ့ဘ၀မှာ ဘုရားဆုပန်ပြီး  သစ္စာလေးပါးတရားသိဖို့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ရတဲ့ ဘ၀တစ်လျှောက် ပါရမီညဏ်နု တဲ့ဘ၀တွေမှာ ကုသိုလ် အကုသိုလ် အမျိုးအမျိုးကိုကျုးလွန်ခဲ့ဖူးပါတယ်။ငရဲလဲကျခဲ့ရသလို တိရိစ္ဆာန်လဲ ဖြစ်ခဲ့ဖူးပါတယ်။အခုဘုရားဖြစ်တဲ့ နောက်ဆုံးဘ၀မှာတောင် အရင်တုန်းက ပြုခဲ့ဖူးတဲ့ အကုသိုလ်ဝဋ်ကြွေး အကြွင်းအကျန် ကို ၀ိပါတ်တော် (၁၂) ပါး အဖြစ် ခံစားခဲ့ရပါတယ်။လောကဓမ္မတာ တရားဆိုတာ အမျိုး၊ ဘာသာသာသနာ၊ အဆင့်အတန်း ခွဲပြီး .ဘရားအလောင်းတော်မို့ လို့ ဘုန်းကြီးမို့ လို့ 
ဘုရင်မို့ လို့ ဆိုပြီး မျက်နှာမလိုက်တတ်ဘူး။ဘယ်နိုင်ငံသား၊  ဘယ်လိုပုဂ္ဂိုလ်၊ ဘယ်ဘာသာဝင် ပဲဖြစ်ဖြစ် ကောင်းတဲ့စေတနာနဲ့ ကောင်းတာလုပ်ရင်တော့ ကောင်းကျိုးခံစား ရပြီး မကောင်းတာလုပ်ရင်တော့ မကောင်းတာ ခံစားရမှာပါပဲ။
ချမ်းချမ်းတို့  လူသားတွေကျုးလွန်ကြတဲ့ အကုသိုလ်များစွာထဲက
သေရင်အ၀ီစိငရဲကို သေချာပေါက်ဆွဲချမယ့် အကုသိုလ် ကံဟာ ပဉ္စာနန္တိယ ကံပါ.အဲ့ဒီအကုသိုလ်ကံကလွဲရင် တခြားအကုသိုလ်တွေက အပြစ်ပေါ့အောင် ကုသိုလ် လုပ်ရင် ငရဲချက်ခြင်းမကျပါဘူး။ဥပမာ...
အဇာတသတ်မင်းဟာ ဒေ၀ဒတ် ရဲ့  စကားကိုယုံပြီး ဘုရင်ဖြစ်ချင်ရင် ဘုရင်ကို သတ်ရတယ် အပြစ်မဖြစ်ဘူး ဆိုလို့ ဖခင်ဗိမ္မိသာရ ကိုသတ်ခဲ့ပါတယ်။ ဖခင်သေပြီးတဲ့နောက်မှာ သူဟာ  ရှင်ဘုရင် နေရာ ရောက်သွားပေမယ့် မအိပ်နိုင်မစားနိုင်ပဲ နောင်တတွေသောကတွေ ခံစားနေရတော့ အမတ်တွေက သူကိုးကွယ်တဲ့ ဒိဌိဆရာ ခြောက်ယောက်ကို သွားမေးဖို့ အကြံပြုပါတယ်။ အဲ့ဒါနဲ့ နောက်နေ့ မှာ တောထဲက ရုပ်ဝါဒဒိဌိ ဆရာတစ်ယောက်ကို အရင်သွားမေးတော့ ဒိဌိဆရာက.."အဖကိုသတ်တာ အပြစ်မရှိဘူးတဲ့..ဘာလို့ လဲဆိုတော့ လူဆိုတာရုပ် ဓါးဆိုတာလဲ ရုပ်ပဲ၊  ရုပ်တစ်ခုကို နောက်ထပ်ရုပ်တစ်ခုက လာထိုးတာမို့ လို့ အပြစ်မဖြစ်ပါဘူးတဲ့" ..အဲ့ဒီအဖြေ ကြား၇ပေမယ့် သူ့ ရင်ထဲက သောကတွေ  လျော့မသွားဘူး.၊နောက်ထပ်ကျန်တဲ့ဆရာတွေဆီသွားတော့လည်း ဘာမှမထူးခြားဘူး...
သူ့ မှာ သောကတွေနဲ့ ပူလောင်နေတာပေါ့.ကျေးဇူးရှင်ကို သတ်ခဲ့မိတာကိုး..တစ်နေ့ တော့ ရာဇဂြိုဟ်ပြည်ကို မြတ်စွာဘုရားကြွလာတော့..မြတ်စွာဘုရားရဲ့ တရားတော်ကို နာယူခွင့်ရပြီး.သူဟာ ပထမဦးဆုံး သရဏဂုံသုံးပါး  တည်တဲ့သူဖြစ်ခဲ့တယ်။
ငါးပါးသီလလည်း စောင့်ထိန်းနိုင်ခဲ့ပါတယ်။မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး သာသနာတော် မပျောက်ပျက်အောင်
ပထမဦးဆုံး သံဃာယနာ တင်တဲ့ ကုသိုလ်ပြုခဲ့လို့  အ၀ီဝိငရဲမကျပဲ အနှစ်ရှစ်သောင်း ၇ှိတဲ့ လောဟကုမ္ဘီ အ၇ံငရဲပဲကျခဲ့ပါတယ်။
ဘုရား၇ှင်လက်ထပ်ကတည်းက  အိန္ဒိယမှာ ဘာသာအယူဝါဒ တွေအမျိုးအမျိုး၇ှိခဲ့ပါတယ်။သူတို့ ရဲ့ အယူဝါဒ အားလုံးဟာ "အတ္တ၀ါဒ" ချည်းပဲ ..ဗုဒ္ဓတစ်ဆူသာ မတည်မြဲတဲ့ " အနတ္တ၀ါဒ "ကိုဟောပါတယ်။
ဗုဒ္ဓရဲ့  ဒုက္ခ၊ သမုဒယ၊နိရောဓ၊ မဂ္ဂ  ဆိုတဲ့ သစ္စာလေးပါးနဲ့ မဂ္ဂင် ရှစ်ပါး တရားတော်ဟာ တခြားဘယ်ဘာသာဝင် ၊ဘယ်ဝါဒတွေနဲ့ မှမတူတဲ့ အချက်ကတော့..
(၁) သွာက္ခာတ....စ-လယ်-ဆုံး သုံးပါးသော ကောင်းခြင်းဂုဏ်နှင့်ပြည့်စုံခြင်း။
(၂) သန္ဒိဌိက..ကျင့်နေတဲ့ အချိန်မှာ ကိုယ်တိုင် ကိုယ်ကျ သိနိုင် ခံစားနိုင်ခြင်း၊
(၃) အကာလိကော.....အချိန်မရွေး၊အခါမေ၇ွး ကြီးငယ်မရွေး ချက်ချင်းအကျိုးပေးနိုင်ခြင်း၊
(၄)ဧဟိပဿိက....လာပါ.ရှုလှည့်ပါ.ကျင့်ကြံလှည့်ပါဟု အစမ်းသပ်ခံနိုင်ခြင်း၊
(၅)သြပနေယျိက.....အခါမလင့် မိမိကိုယ်နှင့်အမြဲကပ်၍ ဆောင်ထိုင်ခြင်း၊
(၆)ပစ္စတံ္တဝေဒိတဗ္ဗောဝိညူဟိ.....အရိယာပညာရှိတို့ အသီးသီးသိအပ် ခံစားအပ်နိုင်ခြင်း၊
တို့ ပါပဲ...
သစ္စာလေးပါး..ဆိုတာက..
(၁) ဒုက္ခ............ဆင်းရဲခြင်းအမှန်
(၂) သမုဒယ.......ဆင်းရဲမှုဖြစ်ကြောင်းအမှန်
(၃) နိရောဓ........ဆင်း၇ဲမှုချုပ်ငြိမ်းရာအမှန်
(၄) မဂ္ဂ............. နိဗ္ဗာန် သို့ သွားရာ လမ်းကြောင်းအမှန်
မဂ္ဂင်၇ှစ်ပါး ဆိုတာက..
(၁) သမ္မာဒိဌိ.............မှန်သောအမြင်
(၂)သမ္မာသင်္ကပ္ပ........မှန်သော အကြံ ....နှစ်ခုပေါင်း......ပညာ
(၃) သမ္မာဝါစာ...........မှန်သောအပြော
(၄) သမ္မာကမန္တ..........မှန်သောအလုပ်
(၅)သမ္မာအာဇီဝ..........မှန်သော အသက်မွေးမှု.........သုံးခုပေါင်း....သီလ
(၆)သမ္မာဝါယမ............မှန်သော လုံ့ လ
(၇)သမ္မာသတိ.............မှန်သောအောက်မေ့မှု
(၈) သမ္မာသမာဓိ..........မှန်သော တည်ကြည်မှု...........သုံးခုပေါင်း........သမာဓိ
အဇာတသတ်မင်းဟာ...
မြတ်စွာဘုရားရဲ့ သစ္စာလေးပါး တရားတော်ကိုအကြိမ်ကြိမ်နာကြားခွင့်ရခဲ့ပေမယ့် သောတပန်တောင် မဖြစ်ခဲ့တာဟာ ပဉ္စနန္တိယ ကံ ကို ကျုးလွန်ခဲ့လို့ ပါပဲ..
အကယ်၍ အဖကိုသာ မသတ်ခဲ့ရင် သူဟာ အဲ့ဒီဘ၀မှာ အနိမ့်ဆုံး အရိယာ သောတပန် ဖြစ်နိုင်ပေမယ့် ကိုးကွယ်ယုံကြည်မှုလွဲမှားခဲ့လို့  လူမိုက်ကို ဆရာတင်မိလို့   ငရဲကျခဲ့ရပါတယ်။ အဖေကိုသတ်ပြီး နန်းတက်ခဲ့လို့  သူလဲ သူ့ ရဲ့ သားတော်  သတ်လို့ သေခဲ့ရပါတယ်။
.ရာဇ၀င်မှာ အဇာတသတ်လက်ထပ်ကစပြီး အဖေကိုသတ်လို့  မင်းလုပ်တဲ့ မင်းဆက် ၇ ဆက် တောင် ရှိခဲ့ပါတယ်။
ဒါ့ကြောင့်.
"ကုန်ရှုံးရင်......တစ်ခေါက်
လင်ကုန်ရှုံးတော့.... တစ်သက်
ဆရာကုန်ရှုံးတော့.....တစ်သံသရာလုံးမှောက်"တဲ့
"နဖူးကွဲ ဒူးပြဲ အောင်
 ကန်တော့နေပေမယ့်
ဘာသာအယူဝါဒ လွဲမှားခဲ့ရင်.....
.အပါယ် ငရဲပဲ ကျ ပါလိမ့်မယ်" လို့ 
ဆရာတော်တစ်ပါး ဆိုဆုံးမခဲ့ဖူးပါတယ်။
အဇာတသတ်ရဲ့ ဆရာ...အရှင်ဒေ၀ဒတ်ဟာ မြတ်စွာဘုရားရဲ့ အဖေတူအမေကွဲ ညီတော်ပါ။ရဟန်းဝတ်ပြီးလို့  ၇ ရက်အတွင်းမှာသူဟာ  ကိလေသာကင်းတဲ့ အရိယာ မဖြစ်ပဲ လောကီအဘိညာဏ်ဆိုတဲ့ ဖန်ဆင်းနိုင်တဲ့တန်ခိုးအမျိုးမျိုးရခဲ့ပါတယ်။ သူဟာ ရလာတဲ့တန်ခိုးမှာ ဘ၀င်မြင့်ပြီး တရားဆက်အားမထုတ်ပဲနဲ့ ဘုရားနေရာလုဖို့ ။ဘုရားဖြစ်ဖို့ ဘုရားကိုအမျိုးမျိုး သတ်ဖို့ ကြံစည်ခဲ့ပါတယ်။နောက်ဆုံးတော့.မြတ်စွာဘုရား၇ှင်ကို သွေးစိမ်းတည်အောင်ပြုခဲ့ပြီး သံဃာတော်ကို သင်းခွဲဖို့ ကြံစည်ခဲ့လို့ အ၀ီစိငရဲကို အရှင်လတ်လတ် ကျသွာခဲ့ပါတယ်။
နောက်တစ်ယောက်..
အင်္ဂုလိမာလ ဟာ လက်ညှိုးပေါင်း တစ်ထောင်ပြည့်ဖို့ လူပေါင်း ၉၉၉ ယောက်ကိုသတ်ပြီး ကျန်တဲ့ တစ်ချောင်း ကို အမေကိုသတ်ပြီးလက်ညှိုးတစ်ထောင်ပြည့်အောင်ဖြတ်ယူဖို့ အမေ့နောက် လိုက်နေတုန်းမှာ ဘုရား၇ှင်နဲ့ တွေ့ ပြီး ရဟန်းပြုလိုက်လို့ တရားအားထုတ်တာ ရဟန္တာ တောင်ဖြစ်သွားခဲ့ပါတယ်။ အကယ်၍ သူဟာ ဘုရားရှင်နဲ့ မတွေ့ ဘဲ အမေ့ ကို သတ်ခဲ့မိရင်တော့ တရားမရဘဲ သေချာပေါက် အ၀ီစိငရဲ ကျသွားပါလိမ့်မယ်။ ဘုရားရှင်နဲ့ အရင်တွေ့ ခဲ့လို့ သာ တရားရပြီး ရဟန္တာ ဖြစ်ခဲ့တာပါ။လူသတ်ခဲ့တဲ့အကုသိုလ်ထက် ရဟန္တာ ဖြစ်အောင် ကျင့် ရတဲ့ တရားကုသိုလ်က အဆမတန်များလွန်းလို့ လုံးဝငရဲမကျတော့ပဲနိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်ခဲ့ပါတယ်။ မီးများမီးနိုင် ရေများရေနိုင်သဘောပေါ့။အကုသိုလ်မီးထက် တရားရေအေးက ပိုများသွားလို့  အရိယာတောင်ဖြစ်သွားခဲ့ပါတယ်။ဒါပေမယ့် အကုသိုလ်ဝဋ်ကြွေးအဖြစ် ဆွမ်းခံကြွတာတောင် ဆွမ်းလောင်းလှုမည့်သူ မ၇ှိဘဲအုတ်တွေ ၊ခဲတွေ နဲ့ ပစ်ပေါက်ခြင်းတော့ ခံ ခဲ့ရတာပေါ့။
  မြတ်စွာဘုရားကိုမြတ်နိုး ကြည်ညိုမိတာတစ်ခုက "ငါဘုရားကို ကိုးကွယ်ပူဇော်နေတာထက် ငါဘုရားရဲ့ တရားတော်ကို နှလုံးသွင်းပါ။ ငါဘုရားရဲ့ တရားကိုမြင်မှ ငါဘုရားကို မြင်မယ် ဘုရားကိုပူဇော်ရာရောက်မယ်"
ဆိုတဲ့ ဆုံးမစကားပါပဲ။ ဘုရားကိုပူဇော်နေတာထက် ဘုရားမကြိုက်တဲ့အကုသိုလ်အလုပ်တွေ မလုပ်ဖို့ ပိုအရေးကြီးပါတယ်။
ဘုရားသွား ကျောင်းတက်နေပြီး ဘုရားမကြိုက်တာလုပ်နေလျှင် ဘုရားကို တန်ဖိုးမထား ရာ အလေးအနက်မထား ရာရောက်ပါတယ်။
တစ်ချို့ ထိုင်းလူမျိုးတော်တော်များများက ဘုရားပုံ ဆရာတော်ပုံတွေကို လည်ပင်းမှာ ဟီးနေအောင် ၀တ်ထားပြီး မယားငယ်တွေတစ်ယောက်ပြီးတစ်ယောက်ယူပြီးမတရားလောဘနဲ့ စီးပွါးရှာပြီးမဟုတ်တာတွေလုပ်နေပါတယ်။
ချမ်းချမ်းတို့ ဆိုင်ရှင်သူဌေးမကို ဘာလို့ ထိုင်းအမျိုးသားတွေ၊အမျိုးသမီးတွေ လည်ပင်းမှာ ဘုရားပုံ၊ ဆရာတော်ပုံ တွေဆွဲထားလဲလို့ မေးတော့ ပူဇော်တာလေတဲ့။ ကျည်မထိဘူး၊ဘေးမဖြစ်ဘူး၊အန္တရာယ် ကင်းတယ်တဲ့။
ချမ်းချမ်းကိုလည်း သူက ပြန်မေးတယ်။ချမ်းချမ်း ညဘက် ပုတီးစိတ်၊ဘုရားရှိခိုးတာလဲ အန္တရာယ် ကင်းဖို့ မဟုတ်ဘူးလားတဲ့ အခုလဲသူတို့ တွေလည်ပင်းမှာဆွဲတာလည်းအန္တရာယ်ကင်းဖို့ အတွက် တူတူပဲပေါ့တဲ့။
ချမ်းချမ်းက ပြန်ပြောလိုက်ပါတယ်။ မတူဘူးလို့ ၊ မြန်မာလူမျိုးတွေက ထိုင်းလူမျိုးတွေလို ဘုရားကိုတစ်ကယ်ကြည်တဲ့သူဟာ  လည်ပင်းမှာ မဆွဲဘူး။ရင်ထဲမှာ ထားပြီးပူဇော်တယ်။ဘုရားမကြိုက်တာ မလုပ်ရဘူး။ဘုရားစကားနားထောင်ရတယ်။ မတရားစီးပွါးမရှာရဘူး။
သူများမယားငယ် မလုပ်ရဘူး၊မယားငယ်တွေတစ်ယောက်ပြီးတစ်ယောက်လဲမယူရဘူးကိုယ့်ဇနီး၊
ခင်ပွန်းအပေါ်သစ္စာ ရှိရတယ်လို့  ပြောတော့..သြော်..ဟုတ်လားတဲ့။
သူတို့ ထိုင်းလူမျိုးရဲ့ အိမ်ထောင်ရေးအရှုတ်အထွေးတွေကြည့်ပြီး သူတို့ နဲ့ ယှဉ်လိုက်ရင်
ကိုယ့်ကိုယ်ကို ဂုဏ်ယူမိတာတစ်ခုက မြန်မာလူမျိုးဖြစ်ပြီး စစ်မှန်တဲ့ ထေရ၀ါဒဗုဒ္ဓဘာသာ
ကိုးကွယ်ခွင့် ရတာ ကိုတော့ ကျေနပ်တယ်။
ဗုဒ္ဓဘာသာဝင်တွေအတွက် အခြေခံကျင့်ဝတ်(ငါးပါးသီလ )နဲ့  လောကီလောကုတ္တရာ ကြီးပွါးချမ်းဖို့  ဘယ်လိုနေထိုင်ကျင့်ကြံရမလဲဆိုတာ (၃၈) ဖြာ မင်္ဂလာ တရားတော်ထဲမှာ ဟောပြထားပါတယ်။
အခုချမ်းချမ်း တို့ တွေလဲ ပုထုဇဉ် လူတစ်ယောက်ပေမို့   အကုသိုလ်တော့ အနည်းအများကျုးလွန်ဖူးကြတာချည်းပါပဲ။အရင်တုန်းက မသိလို့ ပဲဖြစ်ဖြစ် သိလို့ ပဲဖြစ်ဖြစ်
ကျုးလွန်ထားသမျှ အကုသိုလ်ကိုနောက်ထပ်မကျုးလွန်မိအောင်ကြိုးစားပါ။  အကုသိုလ်အကျိုးပေးခွင့်မရအောင် ကုသိုလ် များများလုပ်ပေးပါ။မီးများမီးနိုင် ရေများရေနိုင်သဘောပေါ့။မှားနေတာကို မှားမှန်း သိတာ နောက်မကျသေးပါဘူးတဲ့။ဒီနေ့ ဒီအချိန်ကစပြီး ငါဟာ "ဘုရားချစ်တဲ့ နတ်ချစ်တဲ့" လူတွေချစ်တဲ့ လူကောင်းတစ်ယောက် အပြစ်ကင်းတဲ့ လူတစ်ယောက်ဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်လေးထားပါ။
 ဘုရားချစ်တဲ့လူဆိုတာက. ....ရတနာသုံးပါးနဲ့ ကံ ကံ ရဲ့ အကျိုးကိုယုံပြီး ငါးပါးသီလလုံအောင် ထိန်းနိုင်တဲ့သူ၊ မိဘဆရာသမားကိုရိုသေတဲ့သူ။
နတ်ချစ်တဲ့သူဆိုတာ .........ကောင်းမှုကုသိုလ်လုပ်ပြီးတိုင်း နတ်ဗြဟ္မာ နဲ့ ဝေနေယျသတ္တ၀ါအပေါ်မေတ္တာထား အမျှပေးပြီး လူတွေကွယ်ရာမှာ မဟုတ်တာမလုပ်တဲ့သူ။လူကွယ်ရာမှာလုပ်ရင် လူမတွေ့ ပေမယ့် နတ်တွေသရဲတွေက တွေ့ တယ်နော် ဒါလဲသတိထားရမယ်။
လူတွေချစ်တဲ့သူဆိုတာက...လူသားချင်းစာနာစိတ်.ကိုယ်ချင်းစာစိတ်နဲ့ ဖေးမကူညီစောင့်ေ၇ှာက်တာ ကိုယ့်ထက်နိမ့်ကျနွမ်းပါးတဲ့သူကို မနှိမ်ပဲ နဲ့ ပေးကမ်းလှုဒါန်းတတ်တဲ့သူ။
ဖြစ်အောင်ကြိုးစားပါ။ကိုယ့်စိတ်ကို ကိုယ်အမြဲပြန်စစ်ပါ။
၂၀၁၂ ကမ္ဘာပျက်တာနဲ့ ပက်သက်ပြီး ထိုင်းသီလရှင်တစ်ပါး ကို အမေးအဖြေလုပ်တာ ဘာပြန်ဖြေလဲဆိုတော့..
"အပြင်က ကမ္ဘာကြီး ပျက်တာ မပျက်တာ ကိုယ့်အတွက် အရေးမကြီးဘူး။ ကိုယ့် ရင်ထဲက 
စိတ်ဓါတ်ဆိုတဲ့ ကမ္ဘာကြီး သတိဆိုတဲ့ ကမ္ဘာကြီးမပျက်စီးဖို့ အရေးကြီးတယ်တဲ့။ကိုယ့်ရင်ထဲက စိတ်ဓါတ်ကမ္ဘာကြီး၊သတိကမ္ဘာကြီး၊ပျက်စီးနေရင်တော့ ကမ္ဘာကြီးမပျက်စီးပေမယ့် ကိုယ့်ဘ၀ ပျက်စီးသေဆုံးပြီးသုံးမရတာနဲ့ အတူတူပါပဲတဲ့။"
ဒေါက်တာမင်းတင်မွန် က
"စိတ်မှာ..အနန္တ စွမ်းအားတွေ၇ှိပါတယ်
ယုံကြည်မှုက စိတ်ရဲ့ စွမ်းအားကို မြင့်တက်စေပါတယ်
ရတနာသုံးပါး မှာ လေးလေးနက်နက် သက်ဝင်ယုံကြည်တာစိတ်ရဲ့ စွမ်းအားကိုမြင့်တက်စေတဲ့အပြင်
စိတ်ရဲ့ အရေအသွေးကိုပါမြင့်မြတ်စေပါတယ်။
ကြီးမားမြင့်မြတ်တဲ့ စိတ်စွမ်းအားဟာ အောင်မြင်မှု ၊ငြိမ်းချမ်းမှု၊ပျော်ရွှင်မှု၊တည်ငြိမ်အေးချမ်းမှုရဲ့ အဓိက သော့ချက်ပါပဲ။
မြတ်စွာဘုရားဟောထားသလို  သင်္ခါရ ဆိုတဲ့မမြဲခြင်းသဘောကိုဆင်ခြင်ပြီး အကုသိုလ် ကင်းအောင်၊ စိတ်ဓါတ်မပျက်စီးအောင် ကျင့်ကြံနေထိုင်နိုင်ရင်တော့ ...လက်ရှိအချိန်မှာ တန်ဖိုးရှိတဲ့ ဘ၀တစ်ခု အဓိပ္ပါယ်ရှိတဲ့ ဘ၀တစ်ခုကို သင်ပိုင်ဆိုင်နိုင်ပါပြီ။
 ဆိုဆုံးမခဲ့ဖူးသော ကျေးဇူးရှင် ဆရာတော် သံဃာတော်များအား ထာဝရ မြတ်နိုး ကြည်ညိုလျှက်...
Post....By....ချမ်းချမ်း(ရွာသူလေး)  5:15 PM .......http://www.haymonchan.blogspot.com           
 *** ရတနာသုံးပါးကို ယုံကြည်မှုနှင့် ကိုးကွယ် ၍ ...
"သဒ္ဒါ"...ဆိုတဲ့ သူတော်ကောင်းဥစ္စာတွေ ရအောင် ရှာကြပါ။
*** ကောင်းတဲ့စိတ် တွေမွေး၍...
"သီလ" ဆိုတဲ့ သူတော်ကောင်းဥစ္စာရအောင် ရှာကြပါ။
*** တရားနာ တရားစာများဖတ်၍ ...
"သုတ" ဆိုတဲ့သူတော်ဥစ္စာရအောင် ရှာကြပါ။
*** စွန့် ကြဲပေးကမ်း လှူဒါန်း၍ ...
"စာဂ"...ဆိုတဲ့ သူတော်ကောင်းဥစ္စာ ရအောင်ရှာကြပါ။
*** ဘာဝနာများ ပွားများ၍ ..
"ပညာ"...ဆိုတဲ့ သူတော်ကောင်းဥစ္စာ ရအောင်၇ှာကြပါ။
*** မိမိကိုယ်ကို တန်ဖိုးထား၍ ...
"ဟီရိ"..ဆိုတဲ့ သူတော်ကောင်း ..ဥစ္စာတွေ ရအောင်ရှာကြပါ။
*** အပါယ်လေးပါး ဒုက္ခ များဆင်ခြင်၍ ...
"သြတ္တပ္ပ" ဆိုတဲ့ သူတော်ကောင်းဥစ္စာ ရအောင်ရှာကြပါ။
          (ချမ်းအေးဆရာတော်ဘုရားကြီး)
မြန်မာသူငယ်ချင်းများ ဆိုဒ်မှ ထုတ်နှုတ်တင်ပြပါသည်။
လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...