နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

အမေ

     အမေ
အမေဆိုတာ အမေပါပဲ
ဘ၀ရဲ့ထိုးနှက်ချက်
အမေ့အတွက်
ပျားရည်စက်လို
ချိုပါတယ်လို့ အမေပြောခဲ့ဖူးတယ်နော်.......
အမေ
အမေဆိုတာ အမေပါပဲ
လောကဓံရဲ့ ဒဏ်ရာ
အမေ့အတွက်
သံပုရာရည်တစ်ခွက်လို
ချိုပါတယ်လို့ အမေပြောခဲ့ဖူးတယ်နော်.........
ဒါပေမယ့် အမေရယ်........
သားတို့အတွက်
အမေက
ချိုခဲ့သမျှ
တကယ်တမ်းတော့
အမေ့ဘ၀က
ငိုခဲ့ရတယ်နော်..........

နောင်ပွင့်တော်မူမည့် မြတ်ဗုဒ္ဓဆယ်ဆူ(စ)

(၆)
ဥယျာဉ်ကစားထွက်တော်မူခြင်းသည် ဘုရားလောင်းတို့၏ ဓမ္မတာဖြစ်သည် ။
သူအိုကိုမြင်သည် ။ သူနာကိုမြင်သည် ။ သူသေကိုမြင်သည် ။ ရဟန်းကို
မြင်သည် ။ နိမိတ်ကြီး လေးပါးထင်ခြင်းမြင်ခြင်းသည်လည်း ဘုရားလောင်းတို့၏ ဓမ္မတာဖြစ်သည် ။
ခြိမ့်ခြိမ့်သဲ ။ တူရိယာသံတို.က ညံမစဲ။ကခြေသည်တို. သီကြ
ကကြသည် ။တီးကြမှုတ်ကြသည် ။
သင်္ခစကြ၀တေးမင်းသည် အလောင်းတော်အား ပျော်စေရန် အမြဲ
သဘင်ခံသည် ။ မတိတ်စေရ ။ မဆိတ်စေရ ။ပြဿဒ်လေးဆောင်ထက်၌
ကခြေသည်ရှစ်သောင်းလေးထောင်တို.ဖြင့် ပျော်ပွဲရွှင်ပွဲတွေ နေ.စဉ်နေ.စဉ်
ဆင်နွှဲပေးခဲ.သည် ။
လောကီချမ်းသာသည် ရေပွက်ပမာတည်း ။ ခဏတာမျှကြာ၏ ။
လောကီစည်းစိမ်သည် ၀ဋ်စာ - သံသရာတည်း ။ အမျှင်ရှည်စေတတ်၏။
မီး ။ မီး ။နန်းပြဿဒ်ကြီးသည် လောဘ - ဒေါသ - မောဟတို့၏
သိုလှောင်ရာဖြစ်သည် ။ လောင်စာ - အမှိုက်သာ ။ အလောင်းတော်မှာ ထိုင်သော်မရ ။ ထသော်မပျော် ။ နန်းပြဿဒ်ကြီးကြည့်ပြီး ငြီးငွေ.ခဲ့သည် ။
သစ်ပင်ရိပ်ကတိတ်သည် ။ ၀ါးပင်ရိပ်ကဆိတ်သည် ။ ချောင်သေလာ ရွှေဝါတွေ တောမွေ.တော့ရန် အလောင်းတော်မှာ အကြံပေါ်လာသည် ။
အလောင်းတော်၏အကြံကို သင်္ခစကြ၀တေးမင်းက အကုန်အစင်သိပြီး
မြင်ပြီးဖြစ်သည် ။
ထွက်တော်မူလျှင် ပြည်ကြီးသူ ပြည်ကြီးသား ၊ နိဂုံးသူ နိဂုံးသား ၊ မင်းသား မင်းမြေး သူဋ္ဌေး သူကြွယ် ။ ပြည်သူပြည်သားအပေါင်းတို့က ဖယောင်းဆီမီး ကိုယ်စီ ၊ ပန်းနံ.သာကိုယ်စီဖြင့် နောက်တော်ပါးမှလိုက်ရန်
အသင့်ရှိကြသည် ။
ယနေ.အလောင်းတော်မင်းသား တောထွက်တော့မည် ။ လူ.ပြည်မှာ အုတ်အုတ်ကျက်ကျက် ။ နတ်ပြည်မှာ အုတ်အုတ်ကျက်ကျက် ။ တောထွက်
တော့မည် ဟူသောအသံက ဘ၀ဂ်တိုင် လျှံခဲ.သည် ။
ဗြဟ္မာအင်းသည် သုံးယူဇနာရှိသော ထီးဖြူကြီးကို မိုးရန် ၊ သိကြားမင်းသည် အတောင် ၁၂၀ ရှိခရုသင်းကြီးကိုမှုတ်ရန်ဟန်တပြင်ပြင်နှင့်။
ပဉ္စသိင်္ခနတ်မင်းက စောင်းကြီးကို ပိုက်ထားသည် ။ သုယာမနတ်မင်းက
သားမြီးယပ်တို ၊ တုသိတာနတ်မင်းက ပတ္တမြားယပ်ကို ကိုင်ထားသည် ။
လောကပါလ နတ်မင်းကြီးလေးပါးကလည်း သန်လျက်တော်ကိုယ်စီကိုင်စွဲကာ
အသင့် ရှိနေကြသည် ။
အလောင်းတော်၏ တန်ခိုး ၊ စကြာဝတေးမင်း၏တန်ခိုး ၊နတ်ဗြဟ္မာတို့၏
တန်ခိုး ။ တန်ခိုးတော်ပေါင်းစုံသည် ။ အလောင်းတော်၏ နန်းပြဿဒ်သည်
ကောင်းကင်ယံသို.တက်သည် ။ ရွှေဟင်္သာမင်းပျံသည့်နှယ် ။ မိဖုရားနှင့်
သားတော် - အခြွေအရံနှင့် တောထွက်ခဲ.သည် ။ တစ်ကိုယ်တည်း မဟုတ်ချေ ။ပရိသတ် ခုနှစ်ထောင်ကျော်ပါ ပါသည် ။
လူတို.၏ကောင်းချီးသံ ၊ နတ်တို့၏ ကောင်းချီးသံ ၊ ဗြဟ္မာတို့၏
ကောင်းချီးသံတို့မှာ မိုးလုံးချုန်းခဲ့သည် ။
ပြဿဒ်ပျံသည် အံ့မခန်း ။ ကံကော်ဗောဓိမဏ္ဍိုင်သို. ကြွသည် ။ ငွေအဆင်းရှိသော တလင်းပြင်၌ ဆင်းသည် ။
အသူရာနတ်တို.က တံခွန်ကိုကိုင်လျက် ၊ ဂဂုန်တို့က စောင်းတီးလျက် ၊
ကိန္နရာတို.က သီဆိုလျက် ၊ ဂန္ဓဗ္ဗနတ်တို့က ကခုန်လျက် အလောင်းတော်
မြတ်ကို ပူဇော်ကြသည် ။ တခမ်းတနား ။
အလောင်းတော်သည် ငွေအဆင်းမြေမွေ.ရာ၌ သီတင်းသုံးသည် ။
တရားကျင့်သည် ။ ဥာဏ်စဉ်သုံးသပ်သည် ။ လက္ခဏာရေးသုံးပါးပွားသည်။
ဒုက္ကရစရိယာကျင့်သည်မှာ ၆ ရက် ။
ကြာသင်္ကန်း အလှူရှင်က ဗြဟ္မာမင်း ။ ဃနာနို့ဆွမ်း အလှူရှင်က စန္ဒမုခိမိဖုရား ။ အလောင်းတော်သည် ကြာသင်္ကန်းဆင်မြန်းပြီး မြတ်ရဟန်းပြုသည် ။ မိဖုရား၏ ဃနာနို့ဆွမ်းကို ဘုဉ်းပေးတော်မူသည် ။
လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...